လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အလုပ်ရုံဆွေးနွေးပွဲ

News & Activities > Press news

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အလုပ်ရုံဆွေးနွေးပွဲ

News & Activities > Press news

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အလုပ်ရုံဆွေးနွေးပွဲ

15 June 2023လှုပ်ရှားမှုများ

ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် စီးပွားရေးအသိပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရိုးမဘဏ်မှ Main Sponsor အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့ တွင် Wyndham Grand Hotel Yangon ၌ ကျင်းပခဲ့ပါသည်။

ထိုဆွေးနွေးပွဲတွင် ရိုးမဘဏ်မှ Trade Finance Executive Manager ဖြစ်သည့် Ko Kyaw San Lin မှ Trade Financing ခေါင်းစဉ်အောက်တွင် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဗဟုသုတများ၊ ကြားခံပါတီများနှင့် ၎င်းတို့၏ အလုပ်လုပ်ပုံများ၊ ငွေပေးချေမှုနည်းလမ်းများနှင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးနိုင်ခြေ၊ Documentary Collections နှင့် Documentary Credits ဆိုင်ရာအကြောင်းအရာများ၊ ရိုးမဘဏ်၏ ကုန်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုနှင့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးပြောကြားပေးသွားခဲ့ပါသည်။ အဆိုပါပွဲတွင် တက်ရောက်လာသော အသင်းသားများအား မိမိတို့၏လုပ်ငန်းများကိုတိုးချဲ့ရန်နှင့် လုပ်ငန်း စတင်အကောင်အထည်ဖော်ရန်အတွက် ငွေကြေးအထောက်အပံ့အကူအညီများရယူရန်ရိုးမဘဏ်၏ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပါသည်။

Share this news on

Other Related News

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

စိတ်ချယုံကြည်ရတဲ့ ကာကွယ်မှုနဲ့အတူ ရေရှည်တိုးတက်အောင်မြင်မဲ့ အနာဂတ်ကို အတူတည်ဆောက်လိုက်ကြရအောင်ပါ။
စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်း၍ “စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။