မြန်မာနိုင်ငံတွင် ပထမဆုံး မိုဘိုင်းငွေရေကြေးရေးဝန်ဆောင်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ကို Wave Money တရားဝင်ရရှိ
1 Min Read
ရန်ကုန်၊ အောက်တိုဘာ ၃ရက်၊ ၂၀၁၆ – Wave Money သည်မိုဘိုင်းငွေကြေးဝန်ဆောင်မှု စည်းမျဉ်းအသစ်အရမိုဘိုင်းေငွေရေကြေးရေးဝန်ဆောင်မှုမှတ်ပုံတင်လက်မှတ်ကို ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာပါသည်။
ဤစည်းမျဉ်းအသစ်သည် မိုဘိုင်းအော်ပရေတာများကို မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး အဆိုပါလုပ်ငန်းသည် မြန်မာပြည်သူသန်းပေါင်းများစွာ၏ ငွေကြေးကိစ္စများကိုလည်း ဝင်ရောက်လုပ်ကိုင်ပေးနိုင်မည့် အလားအလာကောင်းများကို ပိုင်ဆိုင်ထားသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခုရရှိခဲ့သောမှတ်ပုံတင်လက်မှတ်အရWave Money သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပေးအပ်သည့်non-banking financial institution (ဘဏ်မဟုတ်သောငွေကြေးဝန်ဆောင်မှုလုပ်ငန်း) တစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်သည်။
Wave Money သည် မိုဘိုင်းငွေကြေးလွှဲပြောင်းနိုင်သည့်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး တယ်လီနော၊FMIနှင့်ရိုးမဘဏ်တို့မှပူးတွဲလုပ်ကိုင်နေသောကုမ္ပဏီဖြစ်သည်။ ဤသည်မှာ ကမ္ဘာ့ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီကြီး၏ အတွေ့အကြုံနှင့်စွမ်းရည်များကို မြန်မာနိုင်ငံ၏ ကျွမ်းကျင်ပြီး ယုံကြည်စိတ်ချရဆုံးဘဏ်တစ်ခုနှင့် ပူးပေါင်းဖော်ဆောင်ခြင်းဖြစ်ပါသည်။”
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ယုံကြည်မှုကိုရရှိခဲ့ပြီး အသစ်ပြဌာန်းလိုက်တဲ့ မိုဘိုင်းငွေကြေးစည်းမျဉ်းအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့် မြန်မာနိုင်ငံရဲ့ပထမဆုံးကုမ္ပဏီဖြစ်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီစည်းမျဉ်းကြောင့်Wave Money ကို တယ်လီနော်ရဲ့ဖြန့်ချိရေးကွန်ရက်တွေရဲ့ စွမ်းအားကိုအကောင်းဆုံးအသုံးပြုခွင့်ရရှိစေမှာဖြစ်ပြီးပုံမှန်ငွေကြေးဝန်ဆောင်မူလုပ်ငန်းများကိုအသုံးမပြုနိုင်ကြသော ပြည်သူအများစုကို မိုဘိုင်းငွေကြေးစာရင်း(Mobile Money Accounts) များဖြင့်ပံ့ပိုးပေးနိုင်တော့မှာ ဖြစ်ပါတယ်။
သုံးစွဲသူများအနေနဲ့ ဘဏ်စာရင်းမလိုဘဲ မြန်မာပြည်တစ်ဝှမ်းငွေကြေးပေးပို့နိုင်တော့မှာဖြစ်ပါတယ်’’ ဟုWave Money ၏အမှုဆောင်အရာရှိချုပ်Brad Jones ကပြောသည်။
Brad မှ ဆက်လက်ပြောကြားရာ “ဘဏ်စာရင်းနဲ့မရင်းနှီးသေးတဲ့ ပြည်သူတွေကို မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းအားဖြင့် အာရှရဲ့ မိုဘိုင်းငွေကြေးဈေးကွက်မှာ ထိပ်တန်းတစ်နေရာက ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ စည်းမျဉ်းအသစ်မှာ ပထမဆုံးမှတ်ပုံတင်လက်မှတ်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာမိုဘိုင်းငွေကြေးဝန်ဆောင်မှုကို လုပ်ဆောင်ပေးရတဲ့အတွက် အလွန်ကို ဂုဏ်ယူမိပါတယ်” ဟု Jones ကဖြည့်စွက်ပြောကြားသည်။