ရိုးမဘဏ်သည် FusionTreasury အကောင်အထည် ဖော်ခြင်းကို Finastra နှင့်အတူ လက်တွဲ၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီ

New & Activities > သတင်းများ

ရိုးမဘဏ်သည် FusionTreasury အကောင်အထည် ဖော်ခြင်းကို Finastra နှင့်အတူ လက်တွဲ၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီ

New & Activities > သတင်းများ

ရိုးမဘဏ်သည် FusionTreasury အကောင်အထည် ဖော်ခြင်းကို Finastra နှင့်အတူ လက်တွဲ၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီ

19 October 2017သတင်းများ

1 Min Read

နည်းပညာပိုင်းဆိုင်ရာ ဘက်စုံထောင်စုံ လုပ်ဆောင်နိုင်သည့် ဘဏ္ဍာရေး ဖြေရှင်းမှု နည်းအသစ်သည် ရိုးမဘဏ်Treasury Client များ၏ တစ်ဦးချင်း လိုအပ်ချက်များအပေါ် မူတည်ပြီး လိုက်လျောညီထွေစွာ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်။

ရန်ကုန်၊ မြန်မာ – အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၇ ခုနှစ် ။ ။ ရိုးမဘဏ်သည် Fusion Treasury (ကမ္ဘာတစ်ဝန်းရှိ ဘဏ်လုပ်ငန်းများ၏ Treasury များတွင်အသုံးများသောTreasuryဆော့ဖ်ဝဲလ်တစ်ခုဖြစ်သည့်Opics) ကို Finastra နှင့်အတူ စက်တင်ဘာ၂၅ရက်က အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ ယခု နည်းပညာပိုင်းဆိုင်ရာ ဘက်စုံထောင့်စုံ လုပ်ဆောင်နိုင်သည့် ဘဏ္ဍာရေး ဖြေရှင်းနည်း အသစ်သည် ရိုးမဘဏ်၏ နည်းပညာ ဦးစားပေး လုပ်ဆောင်နေသော လုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး လုံလောက်သော ထိန်းချုပ်မှု ပြုလုပ်ခြင်း၊ အန္တရာယ်များကို စီမံခန့်ခွဲခြင်း၊ စည်းမျဉ်းစည်းကမ်းများကို ဆက်လက် လိုက်နာစေခြင်းနှင့် လုပ်ငန်း ကျွမ်းကျင်မှု တိုးတက်စေခြင်း စသည်တို့ကို လုပ်ဆောင်ရာတွင် ဘဏ်၏ Treasury Clients များအတွက် တစ်ဦးချင်း လိုအပ်ချက်များ အပေါ်မူတည်ပြီး လိုက်လျော ညီထွေစွာ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။

ရိုးမဘဏ် Treasury ဌာနအနေဖြင့် ၎င်းတို့၏ လက်လီ၊အသေးစားစက်မှုလုပ်ငန်း၊ ကော်ပိုရိတ်လုပ်ငန်း၊ အဖွဲ့အစည်းဆိုင်ရာ Client များအတွက် FX Spots and Forwards၊ FX Swaps၊ Cross Currency Swapsနှင့် အခြားသော Product များ စသည်တို့ ပါဝင်သော ပိုမိုကောင်းမွန်သည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လကလည်း ရိုးမဘဏ်သည် ကမ္ဘောဇဘဏ်နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ပထမဆုံး Repo Trade စမ်းသပ်မှုကို လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ ယခုကဲ့သို့ တိုးတက်မှုနှင့် ပတ်သက်၍ ရိုးမဘဏ်၏ Chief Financial Officer ဖြစ်သူ Mr. Vijay Maheshwari က “Fusion Treasury (ကမ္ဘာတစ်ဝန်းရှိ ဘဏ်လုပ်ငန်းများ၏ Treasury များတွင် အသုံးများသော Treasury ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်သည့်Opics ) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဟာ ရိုးမဘဏ်မှာ ကျွန်တော်တို့ရဲ့ Treasury Clientတွေကို ပိုမိုကောင်းမွန်တဲ့ Treasury Product နဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်တဲ့ လုပ်ကိုင်နိုင်စွမ်းရည်တွေ သိသိသာသာ တိုးတက်လာတယ် ဆိုတာ သက်သေပြရာ ရောက်ပါတယ်။ တစ်ချိန်တည်းမှာလည်း ကောင်းမွန်တဲ့ Risk Management ရှိခြင်းနဲ့ လုံလောက်သော ထိန်းချုပ်မှုရှိခြင်း စတဲ့ရိုးမဘဏ်ရဲ့ အဓိကအားသာချက်တွေကိုလည်း သိသိသာသာ တိုးတက်လာစေပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အမြဲ ကြိုးပမ်းအားထုတ်နေတာကြောင့် ကမ္ဘာအဆင့်မီ Treasury System တစ်ခု ရိုးမဘဏ်မှာ ရှိနေခြင်းဟာလည်း ကျွန်တော်တို့ရဲ့ Clientတွေအတွက် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဆန်းသစ်တီထွင်နိုင်ဖို့ အရည်အသွေးတွေ ရှိလာစေပါတယ်” ဟု ပြောကြားသည်။

“အခုလို အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် အချိန်မီ ကြိုးစား အားထုတ်ခဲ့ကြတဲ့ Finastra နဲ့ ရိုးမဘဏ် အဖွဲ့သားတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားချင်ပါတယ် ” ဟု Mr. Maheshwari က ဖြည့်စွက်ပြောကြားသည်။

Fusion Treasury ကို အကောင်အထည် ဖော်နိုင်မှုနှင့်အတူ ရိုးမဘဏ်သည် ၎င်းတို့၏ Client များအား ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေနှင့် ပတ်သက်သော FX Solution များအတွက် အကောင်းဆုံး ဘက်စုံထောင်စုံ ရုံးလုပ်ငန်းဆောင်ရွက်မှု စနစ်ဖြင့် ဝန်ဆောင်မှု ပေးအပ်နိုင်တော့မည် ဖြစ်သည်။ ရိုးမဘဏ်အနေဖြင့်လည်း နိုင်ငံတကာရှိ အခြား ထိပ်တန်းဘဏ်များကဲ့သို့ပင် နိုင်ငံတကာ ဘဏ်လုပ်ငန်း စံချိန်များနှင့်အညီ ပွင့်လင်းမြင်သာမှုရှိမှု၊ လိုက်လျောညီထွေရှိမှု၊ လက်တွေ့ဆောင်ရွက်နိုင်မှု တို့မှတစ်ဆင့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ပြီး ရိုးမဘဏ်၏ Treasury လုပ်နိုင်စွမ်းသည် နိုင်ငံတကာနှင့် တန်းတူ ရင်ဘောင်တန်းနိုင်ပြီ ဖြစ်သည်။

Finastra ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ Managing Director ဖြစ်သူ Mr. Imad Abou-Haidar ကလည်း “မြန်မာနိုင်ငံမှာ ပိုမိုထိရောက်ပြီး အဆင်ပြေ လွယ်ကူတဲ့ ဘဏ်ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့၊ သူတို့ရဲ့ Customerတွေကို ပိုပြီး ဝန်ဆောင်မှု ပေးနိုင်ဖို့ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်တွေရဲ့ ပြုပြင်ပြောင်းလဲမှုကို ကူညီပေးမယ့် ကျွမ်းကျင်ပညာရှင်တွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ရိုးမဘဏ်က ကျွန်တော်တို့ရဲ့ Core Banking System ဖြစ်တဲ့ Fusion Banking Essenceနဲ့ Treasury System ဖြစ်တဲ့ Fusion Treasury Solution တွေကို အသုံးပြုခြင်းအားဖြင့် သူတို့ရဲ့ တိုးတက်လာနေတဲ့ Clientတွေကို အထူးသဖြင့် Treasury နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို ပိုမိုပေးအပ်နိုင်ပြီ ဖြစ်ပါတယ်။ Fusion Treasury ဆော့ဖ်ဝဲလ်ဟာ(Opics)ခေတ်နဲ့ တစ်ပြေးညီရှိပြီး ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ နည်းပညာအရ လွယ်ကူ အဆင်ပြေ ချော့မွေ့စွာ လုပ်ဆောင်နိုင်တဲ့ ဆော့ဖ်ဝဲလ်ဖြစ်တာကြောင့် ကမ္ဘာတစ်လွှားရှိ ထိပ်တန်းဘဏ်တွေက ယုံကြည်စွာ အသုံးပြုကြပါတယ်။ အဲဒီလိုပဲ Fusion Treasury ဟာ ရိုးမဘဏ်ကိုလည်း အထူး အထောက်အကူပြုပြီး မြန်မာနိုင်ငံမှာ ဦးဆောင်ဘဏ်တစ်ခုဖြစ်စေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်” ဟု မှတ်ချက် ပြုပြောကြားခဲ့သည်။

Finastra အကြောင်း

Finastra သည် ပွင့်လင်းသော တီထွင်မှုများအတွက် နေရာတစ်ခုဖန်တီးပေးခြင်းဖြင့် ဘဏ္ဍာရေးနယ်ပယ်အတွင်းရှိ အလားအလာရှိသော လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းအဖွဲ့အစည်းများကို လမ်းဖွင့်ပေးလျက်ရှိသည်။ Misys နှင့် D+H တို့ ပူးပေါင်းမှုမှတစ်ဆင့် Finastra ကို ၂၀၁၇ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ဆိုလျှင် လက်လီအရောင်းဘဏ်လုပ်ငန်း၊ ငွေသွင်းငွေထုတ်ဘဏ်လုပ်ငန်း၊ ချေးငွေထုတ်ချေးခြင်း၊ ဘဏ္ဍာငွေကြေး၊ ရင်းနှီးငွေဈေးကွက်တို့ကို လွှမ်းခြုံ၍ ကမ္ဘာပေါ်ရှိ ဘဏ္ဍာရေး ဝန်ဆောင်မှု ဆော့ဖ်ဝဲလ်များအနက် အကျယ်ပြန့်ဆုံးသော ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ပြီဖြစ်သည်။ မိမိတို့၏ ဖြေရှင်းဆောင်ရွက်မှုသည် အွန်လိုင်းအခြေပြု (Cloud)သို့မဟုတ် နေရာအခြေပြု(Premises)ရှိ အလွန်အရေးပါသော ဆော့ဖ်ဝဲလ်နည်းပညာကို Customer များ ထိရောက်စွာ အသုံးချနိုင်မည်ဖြစ်သည်။ မိမိတို့၏ ကျွမ်းကျင်မှုနှင့် ပထဝီအနေအထားအရ ရောက်ရှိနိုင်မှုဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှသည် ရပ်ရွာအကျိုးပြုဘဏ်များနှင့် ချေးငွေလုပ်ငန်းအဖွဲ့များအထိ မိမိတို့အနေဖြင့် Customer များ၏ လုပ်ငန်းအရွယ်အစား၊ ဒေသအခြေအနေကို ပဓာနမထားဘဲ ၎င်းတို့ကို ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ခြင်းဖြစ်သည်။ မိမိတို့၏ ပွင့်လင်းစိတ်ချရပြီး ယုံကြည်အားကိုးရသော ဖြေရှင်းမှုများမှနေ၍ Customer များသည် ၎င်းတု့ိ လုပ်ငန်းတိုးတက်မှုကို အရှိန်မြှင့်တင့်ပေးနိုင်ရန်၊ အသုံးစရိတ်များကို သင့်လျော်အောင်ပြုလုပ်ရန်၊ ဘေးအန္တရာယ်များကို လျော့ပါးစေရန် လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့ Customer များ၏ ပြောင်းလဲလာသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်လည်း ဆက်လက် လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။ Finastra နည်းပညာကို ကမ္ဘာ့ထိပ်တန်းဘဏ်ကြီး ၅၀အနက် ၄၈ဘဏ်က သုံးစွဲလျက်ရှိသည်။ www.finastra.com တွင် ဆက်လက် လေ့လာကြည့်ရှု နိုင်ပါသည်။

Share this news on