News & Activities > Events & Activities

News & Activities > Events & Activities

မျိုးဆက်သစ်လူငယ်များအတွက် ရိုးမဘဏ် Industrial Visit ခရီးစဉ်

5 August 2026လှုပ်ရှားမှုများ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် Myanmar Imperial College (MIC) ၏ Bachelor Programme မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် သန်လျင်မြို့နယ်၊ စတားစီးတီးအိမ်ရာရှိ ရိုးမဘဏ် ရုံးချုပ်သို့ Industrial Visit အဖြစ် လာရောက်လေ့လာခဲ့ကြပါသည်။

လေ့လာရေးခရီးစဉ်အတွင်း ရိုးမဘဏ်မှ တာဝန်ရှိသူများက ဘဏ်၏ သမိုင်းကြောင်း၊ စံတန်ဖိုးများနှင့် လုပ်ငန်းစီမံလည်ပတ်ပုံများကို ရှင်းလင်းမျှဝေပေးခဲ့ပြီး ရုံးချုပ်ရှိ ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ပုံများနှင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုလည်း လိုက်လံပြသပေးခဲ့ပါသည်။ ထို့အပြင် သန်လျင် စတားစီးတီး (Star City) ဘဏ်ခွဲသို့ ကျောင်းသား၊ ကျောင်းသူများ သွားရောက်လေ့လာနိုင်ရန် စီစဉ်ပေးခဲ့ပြီး ဘဏ်ခွဲတစ်ခု၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ပုံများနှင့် Customer များအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်ပုံတို့ကို အနီးကပ်လေ့လာနိုင်ကာ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိခဲ့ကြပါသည်။

ယခုကဲ့သို့သော လေ့လာရေးခရီးစဉ်များသည် ကျောင်းသားလူငယ်များအတွက် စာတွေ့နှင့် လက်တွေ့အတွေ့အကြုံများကို ချိတ်ဆက်လေ့လာနိုင်စေသည့်အပြင် ဘဏ်လုပ်ငန်းကဏ္ဍ၊ လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် အနာဂတ်အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများကို ပိုမိုနားလည်သိရှိနိုင်စေမည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါသည်။ ရိုးမဘဏ်အနေဖြင့် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ယခုကဲ့သို့သော Learning Opportunities များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး လူငယ်များ၏ ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း တစ်ထောင့်တစ်နေရာမှ ဆက်လက်အားပေးကူညီသွားမည်ဖြစ်ပါသည်။

Share this news on

Other Related News

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်း၍ “စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ

MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့သည် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (Myanmar Business Executives Association - MBE) နှင့် ပူးပေါင်း၍ “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် PARKROYAL Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။