ရိုးမဘဏ်တွင် တရုတ်ယွမ်ငွေစာရင်း ၀န်ဆောင်မှု ရရှိပြီ

New & Activities > သတင်းများ

ရိုးမဘဏ်တွင် တရုတ်ယွမ်ငွေစာရင်း ၀န်ဆောင်မှု ရရှိပြီ

New & Activities > သတင်းများ

ရိုးမဘဏ်တွင် တရုတ်ယွမ်ငွေစာရင်း ၀န်ဆောင်မှု ရရှိပြီ

29 September 2022သတင်းများ

1 Min Read

ရန်ကုန်၊ မြန်မာ။ ။ စက်တင်ဘာလ ၂၉ ရက် ၂၀၂၂ ခုနှစ် – ရိုးမဘဏ်တွင် တရုတ် – မြန်မာနယ်စပ်ကုန်သွယ်မှုအတွက် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုငွေပေးချေမှုအား ဆောင်ရွက်နိုင်သည့် တရုတ်ယွမ်ငွေ ဘဏ်စာရင်း၀န်ဆောင်မှု စတင်ရရှိပြီ ဖြစ်ပါသည်။ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် တရုတ် – မြန်မာနှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့‌စေရန်အတွက် တရုတ် – မြန်မာနှစ်နိုင်ငံ နယ်စပ်‌ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။ 

ထို့ကြောင့် တရုတ်နိုင်ငံနှင့် ဆက်သွယ်လုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်များအနေဖြင့် ရိုးမဘဏ်တွင် တရုတ်ယွမ်ငွေ ဘဏ်စာရင်းကို ရိုးမဘဏ် ရန်ကုန်ပင်မဘဏ်ခွဲနှင့် မူဆယ်ဘဏ်ခွဲတို့တွင် စာရင်းဖွင့်လှစ်ပြီး ၀န်ဆောင်မှု ရယူနိုင်မည် ဖြစ်ပါသည်။ 

အသေးစိတ်အချက်အလက်များကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

Yoma Bank(佑玛)银行 已经准备好为所有在中缅边境运营的公司,提供人名币-缅币边境贸易付款的服 务。 

¥ 

  • 开通人名币公司账户 并 提供人名币公司账户的支票本 
  • 对所有的中缅边境贸易,提供信用证(LC), 承兑交单(DA),付款交单(DP)业务 
  • Yoma Bank 佑玛银行的人名币公司账户之间,可直接进行汇款。 

*Yoma Bank 佑玛银行 (仰光总分行 和 木姐分行)可提供上述服务 

*仅针对公司账户.

Share this news on