ဦးကြည်အေး

ဒါရိုက်တာ

Team info icon

ရာထူး

ဒါရိုက်တာ

Team info icon

နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ

Team info icon

ဒါရိုက်တာအဖြစ် အခြား စာရင်းဝင် ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေမှုများ

First Myanmar Investment Public Company Limited (Myanmar)

Team info icon

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု

FMI မှတစ်ဆင့် တိုက်ရိုက်မဟုတ်သော အကျိုးအမြတ်ပါဝင်မှု

ကိုယ်ရေးအချက်အလက်


ဦးကြည်အေးသည် ၁၉၆၀ ခုနှစ်တွင် ဘဏ်လုပ်ငန်းနယ်ပယ်ကို စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် (၂၅) နှစ်တာကာလအတွင်း ၁၉၈၇ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ Chief Accountant အဖြစ်၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်၏ Managing Director အဖြစ် ခန့်အပ်ခံရပြီး ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အငြိမ်းစားယူခဲ့ပါသည်။

၂၀၀၀ ခုနှစ်မှစတင်၍ ရိုးမဘဏ်တွင် Special Counsel to the Chairman အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ Bachelor of Commerce နှင့် Bachelor of Laws ဘွဲ့များရရှိထားသည့်အပြင် အမေရိကန်နိုင်ငံ Colorado ပြည်နယ် Boulder မြို့ရှိ The Economic Institute မှ Diploma in World Banking and Finance ကိုလည်း ရရှိထားပါသည်။ ထို့အပြင် ဦးကြည်အေးသည် Certified Public Accountant (CPA) တစ်ဦးလည်း ဖြစ်ပါသည်။

*** အသေးစိတ်အချက်အလက်များအတွက် FMI 2025 နှစ်ပတ်လည်အစီရင်ခံစာ၊ စာမျက်နှာ ၁၇ တွင် ဖတ်ရှုနိုင်ပါသည်။