ဦးထွန်းမြတ်
ဥက္ကဋ္ဌ

ရာထူး
ဥက္ကဋ္ဌ

နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ

ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ
မရှိ

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု
FMI မှတစ်ဆင့် တိုက်ရိုက်မဟုတ်သော အကျိုးအမြတ်ပါဝင်မှု (FMI တွင် တစ်သီးပုဂ္ဂလ အစုရှယ်ယာ ၁၄၆၀ စု ပိုင်ဆိုင်သည်)
ကိုယ်ရေးအချက်အလက်
ဦးထွန်းမြတ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ရိုးမဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ လက်ရှိရာထူးမတိုင်မီ ဦးထွန်းမြတ်သည် ၂၀၁၇ ခုနှစ်တွင် ရိုးမဘဏ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဒါရိုက်တာဘုတ်အဖွဲ့တွင် အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ (Independent Non-Executive Director) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ရိုးမဘဏ်သို့ မဝင်ရောက်မီ ကမ္ဘာ့ကုလသမဂ္ဂ (United Nations) တွင် Security Coordinator အဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် အီရတ်နိုင်ငံ Baghdad မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂတွင် လူသားချင်းစာနာမှုလုပ်ငန်းများအတွက် Humanitarian Coordinator အဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အဆိုပါတာဝန်များမတိုင်မီ ၁၉၇၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ အီတလီနိုင်ငံ ရောမမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Programme (WFP) တွင် (၂၂) နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး D2 အဆင့် Director of Logistics နှင့် Director of External Relations အပါအဝင် အကြီးအကဲရာထူးများကို ထမ်းဆောင်ခဲ့ပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် United Nations (UN) နှင့် WFP တွင် တာဝန်မထမ်းဆောင်မီ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလိုင်းတွင် ဥပဒေရေးရာနှင့် အာမခံဌာန ဌာနကြီးမှူးအဖြစ် (၁၅) နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဥပဒေအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဥပဒေဌာနတွင် အချိန်ပိုင်းကထိကအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။
ဦးထွန်းမြတ်သည် ရန်ကုန်တက္ကသိုလ်မှ Bachelor of Commerce (B. Com) နှင့် Bachelor of Laws (B.L) ဘွဲ့များရရှိထားပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Chartered Insurance Institute မှ Associate of the Chartered Insurance Institute (ACII) နှင့် University of London၊ King’s College မှ Master of Laws (LL.M) ဘွဲ့များကို ဆည်းပူးရရှိထားသူဖြစ်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal