ဒေါ်ခင်မူမူမြင့်

Chief Customer Officer

Team info icon

ရာထူး

Chief Customer Officer

ကိုယ်ရေးအချက်အလက်


ဒေါ်ခင်မူမူမြင့်သည် Fortune 100 ကုမ္ပဏီများနှင့် အခြားကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်း၊ မဟာဗျူဟာမြောက်မိတ်ဖွဲ့မှု၊ အသင်းအဖွဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ကော်ပိုရိတ်အုပ်ချုပ်မှုအပါအဝင် ပြန်လည်ပြုပြင်ခြင်းနှင့် ပြောင်းလဲမှုလုပ်ငန်းများကို နှစ် (၂၀) ကျော်အတွင်း အောင်မြင်စွာ လုပ်ဆောင်ခဲ့သည့် အကြီးတန်း အမှုဆောင်တစ်ဦး ဖြစ်ပါသည်။ လက်ရှိတွင် Chief Customer Officer အဖြစ် မြန်မာနိုင်ငံအနှံ့ရှိ ဘဏ်ခွဲ (၈၀) ကျော်တွင် စီးပွားရေးလုပ်ငန်းများနှင့် လက်လီဝန်ဆောင်မှုရယူသူများအတွက် ဘဏ်၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် Customer များ၏ လိုအပ်ချက်များနှင့် အပြည့်အဝ ကိုက်ညီစေရန်နှင့် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေရန် စီမံခန့်ခွဲ ဦးဆောင်လျက်ရှိပါသည်။ လက်ရှိရာထူးမတိုင်မီ Chief Business Banking Officer အဖြစ် ရိုးမဘဏ်အား မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသည့် ဘဏ်တစ်ခုအဖြစ် တည်ဆောက်နိုင်ရန် မဟာဗျူဟာများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတွင် အဓိက ပါဝင်ခဲ့ပါသည်။ သူသည် ရိုးမဘဏ်၏ Commercial and International Banking Division ကို တည်ထောင်ရာတွင် အဓိက ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆက်စပ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စတင်မိတ်ဆက်ရာတွင်လည်း အရေးပါသော အခန်းကဏ္ဍကို ထမ်းဆောင်ခဲ့ပါသည်။ထို့အပြင် Freddie Mac၊ World Bank ၊ Citi Group ၊ JP Morgan နှင့် Prudential Insurance ကဲ့သို့ နာမည်ကြီး အမေရိကန်အဖွဲ့အစည်းများတွင်သာမက မြန်မာနိုင်ငံရှိ အခြားပြည်တွင်းလုပ်ငန်းစုကြီးများတွင်လည်း အရေးပါသော တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်ခင်မူမူမြင့်သည် Baruch College ၊ University of New York မှ Bachelor of Business Administration in Accounting ဘွဲ့ကို ရရှိခဲ့ပြီး State of Washington ၏ Certified Public Accountant (CPA) တစ်ဦးလည်း ဖြစ်ပါသည်။