ဒေါ်ခင်မူမူမြင့်

Chief Consumer Banking Officer

Team info icon

Position

Chief Consumer Banking Officer

ကိုယ်ရေးအချက်အလက်


ဒေါ်ခင်မူမူမြင့်သည် Fortune 100 ကုမ္ပဏီများနှင့် အခြားကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်း၊ မဟာဗျူဟာမြောက်မိတ်ဖွဲ့မှုလုပ်ငန်း၊ အသင်းအဖွဲ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ကော်ပိုရိတ်ဆိုင်ရာစီမံအုပ်ချုပ်မှုလုပ်ငန်းများအပြင် ပြန်လည်ပြုပြင်ခြင်းနှင့် ပြောင်းလဲခြင်းလုပ်ငန်းများကို နှစ်ပေါင်း (၂၀) ကျော်ကြာ လုပ်ဆောင်ပေးနိုင်ခဲ့သည့် အကြီးတန်းအမှုဆောင်တစ်ဦးဖြစ်ပါသည်။ လက်ရှိတွင် Chief Consumer Banking Officer ရာထူးဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ်၏ ဘဏ်ခွဲပေါင်း (၈၀) ကျော်မှ ဝန်ထမ်း‌ပေါင်း (၂,၀၀၀) ကျော်ကို ဦးဆောင်နေသူဖြစ်ပါသည်။ လက်ရှိရာထူးမတိုင်မီတွင် သူမသည် Chief Business Banking Officer ရာထူးဖြင့် ရိုးမဘဏ်အား မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသည့် ဘဏ်တစ်ခုဖြစ်လာစေရန် မဟာဗျူဟာများရေးဆွဲချမှတ်ရာတွင် အဓိကပါဝင်ခဲ့ပါသည်။ ရိုးမဘဏ်၏ Commercial and International Banking Division ကို တည်ထောင်ရာတွင်ပါဝင်ဆောင်ရွက်ခဲ့ပြီး၊ ဆက်စပ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စတင်ဖော်ထုတ်မိတ်ဆက်ရာတွင်လည်း တစ်တပ်တစ်အားပါဝင်ခဲ့ပါသည်။

ဒေါ်ခင်မူမူမြင့်သည်  ထင်ရှားသော အမေရိကန်အဖွဲ့အစည်းများဖြစ်သည့် Freddie Mac ၊ World Bank ၊ Citi Group ၊ JP Morgan နှင့် Prudential Insurance များအပြင် မြန်မာနိုင်ငံရှိ အခြားပြည်တွင်းလုပ်ငန်းစုကြီးများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Baruch College ၊ University of New York မှ Bachelor of Business Administration in Accounting ဘွဲ့ကို ရရှိခဲ့ပြီး State of Washington ၏ Certified Public Accountant (CPA) တစ်ဦးလည်း ဖြစ်ပါသည်။