ဒေါ်ဇင်မီမီ

Chief Compliance Officer

Team info icon

Position

Chief Compliance Officer

ကိုယ်ရေးအချက်အလက်


ဒေါ်ဇင်မီမီသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ရိုးမဘဏ်တွင် Chief Compliance Officer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ လက်ရှိရာထူးတာဝန်မထမ်းဆောင်မီ ၂၀၂၁ခုနှစ်၊ ဇွန်လမှစ၍ လက်ထောက်လိုက်နာဆောင်ရွက်ရေးဆိုင်ရာအရာရှိချုပ် (Deputy Chief Compliance Officer) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ငွေကြေးခဝါချမှုကို တိုက်ဖျက်ရေးဆိုင်ရာမူဘောင် အဆင့်မြှင့်တင်ရေးနှင့် ခိုင်မာသော လိုက်နာဆောင်ရွက်ရေးဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုပုံစံကို အောင်မြင်စွာ ချမှတ်လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်၊ မေလမှစတင်၍ ကုမ္ပဏီ၏ အထွေထွေအတွင်းရေးမှုး (Corporate Secretary) အနေဖြင့် ရိုးမဘဏ်၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုမူဘောင် ဖွဲ့စည်းရေးဆွဲရာတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့ပါသည်။ ဒေါ်ဇင်မီမီသည် ၂၀၁၄ ခုနှစ်တွင် ရိုးမဘဏ်သို့ စတင်ဝင်ရောက်ခဲ့ပြီး Head of Treasury & Financial Institutions အဖြစ် Front to Bank ဘဏ္ဍာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့၍ Treasury Department ကို ဘဏ်၏ အကျိုးအမြတ်ဗဟိုတစ်ခုအနေဖြင့်  တည်ထောင်ခဲ့ပါသည်။

ရိုးမဘဏ်တွင် တာဝန်မထမ်းဆောင်မီ ၂၀၁၀-၂၀၁၄ ခုနှစ်တွင်  နိုင်ငံတကာထိပ်တန်းရင်းနှီးမြှုပ်နှံမှု ဘဏ်များအနက်တစ်ခု ဖြစ်သည့် လန်ဒန်မြို့ရှိ Bank of America Merrill Lynch ရှိ Equity Structured Financing လုပ်ငန်းတွင် Financial Control အပိုင်းများကို Assistant Vice President ရာထူးဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ၂၀၀၆ မှ ၂၀၁၀ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Credit Suisse ရှိ Prime Services  လုပ်ငန်းတွင် Product Control – Analyst အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 

ဒေါ်ဇင်မီမီသည် ဆယ်ကျော်သက်အရွယ်အထိ မြန်မာနိုင်ငံတွင်ကြီးပြင်းခဲ့ပြီး အင်္ဂလန်နိုင်ငံရှိ Warwick University မှ Mathematics ၊ Operational Research ၊ Statistics and Economic ဆိုင်ရာ BSc (Hons) ဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့ပြင် UK အခြေစိုက် Chartered Institute of Management Accountants (CIMA) ၏ Chartered Management Accountant တစ်ဦးအဖြစ်သာမက ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အပိုင်းတွင်လည်း နိုင်ငံတကာအသိအမှတ်ပြု Certified Anti-Money Laundering Specialist (ACAMS) တစ်ဦးလည်း ဖြစ်ပါသည်။