ဦးထက်လင်း

Chief Information Officer

Team info icon

ရာထူး

Chief Information Officer

Team info icon

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု

မရှိ

ကိုယ်ရေးအချက်အလက်


ဦးထက်လင်းသည် ရိုးမဘဏ်၏ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အရာရှိချုပ် (Chief Information Officer) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး နည်းပညာဆိုင်ရာ မဟာဗျူဟာများနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဦးဆောင်နေသူ ဖြစ်ပါသည်။သူသည် ဘဏ်၏ တိုးတက်မှုကို အထောက်အကူပြုရန်နှင့် Customer Experience ကို ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်သည့် အဖွဲ့အစည်းဆိုင်ရာ နည်းပညာစနစ်များ စီမံခန့်ခွဲခြင်း၊ ဆိုက်ဘာလုံခြုံရေး၊ ဒီဂျစ်တယ် နည်းပညာသစ်များ ဆန်းသစ်တီထွင်ခြင်း၊ နည်းပညာဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် နည်းပညာဆိုင်ရာ ပင်မစနစ်များ ခေတ်မီဆန်းသစ်မြှင့်တင်ခြင်းစသည့် တာဝန်များကို ဦးဆောင်လျက်ရှိသည်။ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ (Fintech)၊ ထုတ်လုပ်မှုလုပ်ငန်းနှင့် နိုင်ငံတကာ နည်းပညာကုမ္ပဏီများတွင် လုပ်ငန်းအတွေ့အကြုံ (၁၇) နှစ်ကျော် ရှိသူဖြစ်၍ ဘဏ္ဍာရေးနှင့် နည်းပညာကဏ္ဍ အသီးသီး၌ အကြီးစား နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုစီမံကိန်းများ အကောင်အထည် ဖော်ခြင်း၊ IT Enterprise Architecture ၊ လုပ်ငန်းလည်ပတ်မှု ထိရောက်စေရန် မြှင့်တင်ခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုများကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သည့် အစဉ်အလာကောင်းများ ရှိသူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ရိုးမဘဏ်သို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် တာဝန်ခံနည်းပညာအရာရှိချုပ် (Acting Chief Technology Officer)၊ Head of Platform၊ Infrastructure and Applications နှင့် Senior Manager of Enterprise Architecture စသည့် ထိပ်ပိုင်းခေါင်းဆောင်မှု ရာထူးတာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

ရိုးမဘဏ်သို့ မဝင်ရောက်မီ Wave Money တွင် ခေါင်းဆောင်မှုရာထူးများကို ထမ်းဆောင်ခဲ့ပြီး Enterprise IT Architecture၊ နည်းပညာဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ IT Platform အသွင်ကူးပြောင်းခြင်းနှင့် နည်းပညာဆိုင်ရာ စီမံအုပ်ချုပ်မှု အစီအစဉ်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှု ဂေဟစနစ် (Digital Financial Services Ecosystem) တိုးတက်လာစေရေးအတွက် ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။ ထို့ပြင် မြန်မာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် လုပ်ငန်းအတွေ့အကြုံကောင်းများ ရရှိခဲ့ပြီး၊ ဒေသတွင်း နည်းပညာဆိုင်ရာ ခေါင်းဆောင်မှုနှင့် စီးပွားရေး လုပ်ငန်း အသွင်ကူးပြောင်းမှုတို့တွင် အတွေ့အကြုံ ကြွယ်ဝသူလည်း ဖြစ်သည်။ ဦးထက်လင်းသည် နည်းပညာကို အသုံးပြု၍ စီးပွားရေးဆိုင်ရာ တန်ဖိုးများ ဖန်တီးရန်၊ အဖွဲ့အစည်း၏ ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော တိုးတက်မှုကို ဖော်ဆောင်ရန် စိတ်အားထက်သန်သူ ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှု နယ်ပယ်များသည် နည်းပညာဆိုင်ရာ မဟာဗျူဟာ (Technology Strategy)၊ Enterprise IT Architecture၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု (Digital Transformation) ၊ နည်းပညာဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများ၊ ဆိုက်ဘာလုံခြုံရေး၊ နည်းပညာဆိုင်ရာ ဝန်ဆောင်မှု စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု (Service Management and IT Governance) တို့ ဖြစ်သည်။

ဦးထက်လင်းသည် Rome Business School မှ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA in Financial Management) နှင့် မော်လမြိုင်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့ (Bachelor of Computer Science) တို့ကို ရရှိထားသူ ဖြစ်သည်။