ဦးဉာဏ်မြင့်အောင်

Chief Operating Officer

Team info icon

ရာထူး

Chief Operating Officer

ကိုယ်ရေးအချက်အလက်


ဦးဉာဏ်မြင့်အောင်သည် ရိုးမဘဏ်၏ Chief Operating Officer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဘဏ်လုပ်ငန်းစဉ်များ၊ လက်လီဘဏ်လုပ်ငန်း၊ နိုင်ငံတကာဘဏ်လုပ်ငန်း၊ ငွေတိုက်စီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ထုတ်ကုန်ဖွံ့ဖြိုးမှုနှင့် စီမံခန့်ခွဲမှု၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုတို့တွင် နှစ်ပေါင်း (၃၀) ခန့် အတွေ့အကြုံရှိသူတစ်ဦး ဖြစ်ပါသည်။ သူ၏ စီမံခန့်ခွဲခေါင်းဆောင်နိုင်မှုနှင့် လုပ်ငန်းအတွေ့အကြုံများသည် ထိရောက်ပြီး ဆန်းသစ်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် များစွာ အထောက်အကူပေးသည်။

ဦးဉာဏ်မြင့်အောင်သည် ၁၉၉၅ ခုနှစ်တွင် ရိုးမဘဏ်သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဘဏ်၏ ဌာနများနှင့် ဘဏ်ခွဲများစွာတွင် စီမံခန့်ခွဲမှုဆိုင်ရာ ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိရာထူးမတိုင်ခင် ဘဏ်၏ Deputy Head of Branch Operations ၊ Head of Core Operations & Cash Management နှင့် Acting Chief Products, Services & Channels Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘဏ်လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ခေါင်းဆောင်မှုအတွေ့အကြုံများစွာရှိပါသည်။

ဦးဉာဏ်မြင့်အောင်သည် မန္တလေးအဝေးသင်တက္ကသိုလ်မှ ရူပဗေဒဘာသာ (Bachelor of Science) ဘွဲ့ကို ရရှိခဲ့ပြီး၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Business Administration) နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့  (Executive Master of Banking and Finance) ကို ရရှိထားပါသည်။ ထို့ပြင် ဂျာမနီနိုင်ငံ Frankfurt School of Finance & Management မှ Certified Expert in Risk Management လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ပါသည်။