ဒေါ်ပွင့်သော်တာမောင်

Chief Financial Officer

Team info icon

ရာထူး

Chief Financial Officer

ကိုယ်ရေးအချက်အလက်


ဒေါ်ပွင့်သော်တာမောင်သည် ရိုးမဘဏ်တွင် Chief Financial Officer ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ရိုးမဘဏ်သို့ မဝင်ရောက်မီ သူသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ရိုးမအုပ်စုတွင်  Head of Risk Management and Assurance အဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ Yoma Fleet Limited တွင် Chief Financial Officer အဖြစ်လည်းကောင်း တာ၀န် ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ပွင့်သော်တာမောင်သည် ၂၀၁၈ ခုနှစ်တွင် ရိုးမအုပ်စု၏ လုပ်ငန်းတစ်ခုဖြစ်သော Yoma Heavy Equipment Company Limited တွင် Financial Controller အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးစက်ပစ္စည်းများ တင်သွင်းရောင်းချခြင်းဆိုင်ရာ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် လုပ်ငန်းအုပ်ချုပ်မှုများကို ဦးဆောင်ခဲ့ပါသည်။ ထို့ပြင် ၂၀၁၇ ခုနှစ်တွင် Ooredoo Myanmar Limited တွင် Senior Pricing Manager ရာထူးဖြင့်  မြန်မာနိုင်ငံဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်သွယ်ရေး၀န်ဆောင်မှု စျေးနှုန်းပြောင်းလဲသတ်မှတ်မှုများကို တာ၀န်ယူ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ရာထူးတာဝန်များမတိုင်မီ ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် ငွေရေးကြေးရေးနှင့် စာရင်းအင်းစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်များကို Singapore Government Agency ဖြစ်သော Central Provident Fund Board တွင်လည်းကောင်း၊ Alibaba Group ၏ ကုမ္ပဏီခွဲ Lazada Southeast Asia Pte Ltd တွင်လည်းကောင်း၊ Singapore Telecommunications Ltd ၏ ကုမ္ပဏီခွဲ NCS Pte Ltd တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်ပွင့်သော်တာမောင်သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး UK ရှိ University of London မှ MSc in Professional Accountancy ဘွဲ့နှင့် University of Portsmouth မှ B.A in Accountancy and Financial Management ဘွဲ့များကို ရရှိထားပါသည်။ ထို့အပြင် နိုင်ငံတကာအသိအမှတ်ပြု Association of Chartered Certified Accountants (ACCA) ၏ Chartered Certified Accountant တစ်ဦးလည်း ဖြစ်ပါသည်။