ဦးကျော်စိုးလင်း

ဒါရိုက်တာ

Team info icon

ရာထူး

ဒါရိုက်တာ

Team info icon

နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ

Team info icon

ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ

မရှိ

Team info icon

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု

မရှိ

Biographical Details


ဦးကျော်စိုးလင်းသည် ရိုးမဘဏ်၏ Chief Executive Officer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ၎င်းရာထူးမတိုင်မီ Digital Money Myanmar Ltd (Wave Money) တွင် ဒါရိုက်တာနှင့် Chief Business Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် Myanmar Payment Union ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး Myanmar Credit Bureau ၏ နည်းပညာကော်မတီကို ဦးဆောင်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်သော Myanmar Pay စီမံကိန်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပြီး Myanmar Digital Economy Association ၏ အမှုဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။ ၎င်းသည် အဆိုပါရာထူးများမတိုင်မီ ၁၉၉၇ ခုနှစ်တွင် ရိုးမဘဏ်သို့ စတင်ဝင်ရောက်ခဲ့ပြီး Chief Consumer Banking Officer ၊ Chief Technology Officer ၊ Chief Operating Officer အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်စဉ် ဘဏ်၏ သတင်းအချက်အလက်နှင့် နည်းပညာ (IT) ဌာနကို စတင်တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။

ဦးကျော်စိုးလင်းသည် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍနှင့် သတင်းအချက်အလက်နည်းပညာ (IT) အပိုင်းတွင် နှစ် (၃၀) ခန့် အတွေ့အကြုံရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာဘဏ်လုပ်ငန်းများ၊ ဆေးရုံစီမံခန့်ခွဲမှုစနစ်များ၊ Supply Chain Management နှင့် အခြားစီးပွားရေးကဏ္ဍများတွင် လုပ်ငန်းအတွေ့အကြုံများစွာရှိပါသည်။ သူသည် ဘဏ်လုပ်ငန်းလည်ပတ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စီမံကိန်းအုပ်ချုပ်မှု၊ နည်းပညာနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်ပါသည်။ ဦးကျော်စိုးလင်း၏ IT ပရော်ဖက်ရှင်နယ်နှင့်ပတ်သက်ပြီး အောင်မြင်မှုမှတ်တိုင်တစ်ခုမှာ ၂၀၀၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဘဏ်လုပ်ငန်းစနစ်ဖြစ်သော “Yoma Integrated Banking System” ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဦးကျော်စိုးလင်းကို ရန်ကုန်တွင် မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ B.Sc. (Hons.) ဘွဲ့နှင့် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ သတင်းအချက်အလက်နည်းပညာ မဟာသိပ္ပံဘွဲ့ကို ရရှိထားပါသည်။