ဒေါ်ဇင်မီမီ

Chief Compliance Officer

Team info icon

ရာထူး

Chief Compliance Officer

ကိုယ်ရေးအချက်အလက်


ဒေါ်ဇင်မီမီသည် ရိုးမဘဏ်တွင် Chief Compliance Officer အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ လက်ရှိရာထူးတာဝန်မထမ်းဆောင်မီ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ Deputy Chief Compliance Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ငွေကြေးခဝါချမှုကို တိုက်ဖျက်ရေးဆိုင်ရာမူဘောင် အဆင့်မြှင့်တင်ရေးနှင့် ခိုင်မာသော လိုက်နာဆောင်ရွက်ရေးဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုပုံစံကို အောင်မြင်စွာ ချမှတ်လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်၊ မေလမှစတင်၍ ကုမ္ပဏီ၏ အထွေထွေအတွင်းရေးမှူး (Corporate Secretary) အနေဖြင့် ရိုးမဘဏ်၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုမူဘောင် ဖွဲ့စည်းရေးဆွဲရာတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့ပါသည်။ ဒေါ်ဇင်မီမီသည် ၂၀၁၄ ခုနှစ်တွင် ရိုးမဘဏ်သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Head of Treasury & Financial Institutions အဖြစ် Front to Bank ဘဏ္ဍာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ကာ Treasury Department ကို ဘဏ်၏ အကျိုးအမြတ် ဗဟိုအချက်အချာတစ်ခုအနေဖြင့်  တည်ထောင်နိုင်ခဲ့ပါသည်။

ရိုးမဘဏ်တွင် တာဝန်မထမ်းဆောင်မီ ၂၀၁၀ မှ ၂၀၁၄ အထိ လန်ဒန်မြို့ရှိ Bank of America Merrill Lynch တွင် Assistant Vice President အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး Equity Structured Financing လုပ်ငန်း၏ Financial Control အပိုင်းများကို ဦးဆောင်ခဲ့ပါသည်။ ထို့ပြင် ၂၀၀၆ မှ ၂၀၁၀ အထိ လန်ဒန်ရှိ Credit Suisse တွင် Product Control – Analyst အဖြစ် Prime Services လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်ဇင်မီမီသည် ဆယ်ကျော်သက်အရွယ်အထိ မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့ပြီး အင်္ဂလန်နိုင်ငံရှိ Warwick University မှ Mathematics ၊ Operational Research ၊ Statistics and Economic ဆိုင်ရာ BSc (Hons) ဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့ပြင် UK အခြေစိုက် Chartered Institute of Management Accountants (CIMA) ၏ Chartered Management Accountant တစ်ဦးအဖြစ်သာမက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအပိုင်းတွင်လည်း နိုင်ငံတကာအသိအမှတ်ပြု Certified Anti-Money Laundering Specialist (ACAMS) တစ်ဦးလည်း ဖြစ်ပါသည်။