ဦးထက်လင်း

Acting Chief Technology Officer

Team info icon

ရာထူး

Acting Chief Technology Officer

ကိုယ်ရေးအချက်အလက်


ဦးထက်လင်းသည် ဘဏ္ဍာရေးကဏ္ဍတွင် (၉) နှစ်၊ ကုန်ထုတ်လုပ်မှုနှင့်စနစ်ပေါင်းစည်းမှုကဏ္ဍတွင် (၈) နှစ် အပါအဝင် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၁၇) နှစ်ကျော် ရှိသူတစ်ဦး ဖြစ်ပါသည်။ ရိုးမဘဏ်တွင် ၂၀၁၉ ခုနှစ်က ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် Acting Chief Technology Officer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ယခု ရာထူး မတိုင်မီ Enterprise Architecture လုပ်ငန်းများကို ကြီးကြပ်ရန်အတွက် အကြီးတန်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့ပါသည်။

ဦးထက်လင်းသည် မြန်မာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများ၌ နည်းပညာနှင့် ပတ်သက်သည့် အတွေ့အကြုံများစွာရှိပြီး ရိုးမဘဏ်မတိုင်မီ Digital Money Myanmar Limited (Wave Money) တွင် Enterprise Architect အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ သူ၏ ကျွမ်းကျင်မှုမှာ Software Development၊ Project Management ၊ System integration ၊ Enterprise architecture ၊ Technology Operations နှင့် IT governance တို့ ဖြစ်ပါသည်။ လုပ်ငန်းလိုအပ်ချက်များနှင့် နည်းပညာဆိုင်ရာ အခက်အခဲများအကြားရှိ ကွာဟချက်ကို စီးပွားရေးဗျူဟာများနှင့်အညီ နည်းပညာအကူအညီများဖြင့် ထိထိရောက်ရောက် ချိတ်ဆက်ပေးနိုင်ခဲ့သဖြင့် အသိအမှတ်ပြုခံရသည်။ ထို့ပြင် အဖွဲ့အစည်း၏ တိုးတက်မှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် Scrum ကဲ့သို့ မြန်ဆန်သော နည်းလမ်းများကို ထိထိရောက်ရောက် အသုံးချနိုင်သော ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပါသည်။

ဦးထက်လင်းသည် Rome Business School မှ Financial Management ဆိုင်ရာမဟာဘွဲ့နှင့် မော်လမြိုင် ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) ရရှိထားသူဖြစ်ပါသည်။