Mr. John Alan Staley
အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

ရာထူး
အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ

ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ
မရှိ

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု
မရှိ
ကိုယ်ရေးအချက်အလက်
Mr. John Alan Staley သည် Finance နှင့် ICT နယ်ပယ်များတွင် အတွေ့အကြုံရှိပြီး တောင်အာဖရိက၊ UK နှင့် Kenya တို့တွင် နှစ်ပေါင်းများစွာ လုပ်သက်ရှိသူဖြစ်ပါသည်။ လက်ရှိတွင် သူဝါသနာပါသည့် Financial Inclusion နှင့် ဆက်စပ်သည့် ပရောဂျက်များအတွက် အတိုင်ပင်ခံအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ယင်းမတိုင်မီ Fairfax Financial Holdings Ltd/ Fairfax Africa Holdings တွင် အတိုင်ပင်ခံအဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူသည် ၂၀၀၃/ ၂၀၀၄ ခုနှစ်များတွင် Equity Bank တွင် Chief Operations Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထို့နောက် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ Chief Officer – Finance, Innovation and Technology ရာထူးဖြင့် စီမံခန့်ခွဲမှုတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တောင်အာဖရိကရှိ အကြီးဆုံး Unsecured အသေးစားငွေချေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Credit Indemnity (Pty) Ltd (African Bank Investment Limited ၏ လုပ်ငန်းခွဲတစ်ခု) တွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ၁၉၉၉ ခုနှစ်မှစတင်၍ Mobile Financial Services တွင် ပါဝင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှ Equity Bank ၏ Third Party ကို အသုံးပြု၍ မိုဘိုင်းဖုန်းမှတစ်ဆင့် အေးဂျင့်များမှ ငွေသွင်း/ငွေထုတ် ဝန်ဆောင်မှုများ ပေးနိုင်သည့် ပရောဂျက်ကို အကောင်အထည်ဖော်ရန် အဓိကတွန်းအားပေးခဲ့သူ ဖြစ်သည်။
Mr. John Alan Staley သည် University of Natal မှ ရူပဗေဒဘာသာရပ်၊ University of Witwatersrand မှ MSc in Applied & Computational Mathematics နှင့် University of South Africa မှ BCompt (Honours) ကို ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် Chartered Accountant (SA) ဖြစ်လာခဲ့ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal